အွန်လိုင်းဒိတ်ယဥ်ကျေးမှုဟာ ယခုထောင်စုနှစ် အစောပိုင်းကစပြီး လူအများကြားဆက်နွယ်မှုကို ပိုမိုအဆင်ပြေစေတဲ့အရာတစ်ခုဖြစ်လာပါတယ်။ အဲဒီလိုတည်ဆောက်ယူထားတဲ့ဖန်တီးမှုက လူသားနှစ်ဦးကြားမှာရှိတဲ့ဆက်ဆံရေးမှာ မည်သို့ဖြစ်သင့်သည် ဆိုတဲ့အချက်ကိုတော့ ရှုပ်ထွေးစေပါတယ်။ ကျွန်တော်လက်ရှိဖန်တီးနေတဲ့ “အချစ်ဆိုသည်မှာဤအရာလား” ပရောဂျက် က ဓာတ်ပုံတွေမှာဆိုရင် အွန်လိုင်းဒိတ်အက်ပလီကေးရှင်းတွေ သုံးတာက မျက်မှောက်ခေတ် နှစ်ဦးကြားဆက်ဆံရေးတွေ အပေါ် ဘယ်လိုအကျိုးသက်ရောက်ကြောင်း၊ ဒါမှမဟုတ် ခေတ်မီတဲ့ဆက်ဆံရေးပုံစံကို ဘယ်လိုပြောင်းလာကြောင်း၊ စတဲ့အချက်တွေအပေါ် အာရုံစိုက်ပြီးဖန်တီးဖြစ်ပါတယ်။
ဓာတ်ပုံဆရာတစ်ယောက်အနေနဲ့ အဲဒီလိုဖြစ်ရပ်တွေမှာ ကိုယ်တိုင်ပါဝင်တာနဲ့မှတ်တမ်းတင်တာနှစ်ခုကြား အဆက်မပြတ်ကျင်လည်နေပါတယ်။ အဲဒီလိုနဲ့ ဒီလုပ်ငန်းက အချုပ်အနှောင်ကနေလွတ်မြောက်တဲ့ အတွေ့အကြုံဖြစ်လာခဲ့တယ်။ ဒီပရောဂျက်ကိုလုပ်ရင်း ကျွန်တော်ယောင်လို့တောင်မတွေးမိခဲ့တဲ့ အကန့်အသတ်နယ်နိမိတ်တွေကို ဖြတ်ကျော်ခဲ့ပါတယ်။
ပြီးတော့ ကျွန်တော့်ကို ခေတ်သစ် နှစ်ဦးကြားဆက်ဆံရေးအပေါ် အာရုံဝင်စားလာအောင် အားပေးလှုံ့ဆော်တဲ့ အကြောင်းရင်းဖြစ်လာခဲ့ပါတယ်။ ချစ်ခြင်းမေတ္တာရဲ့အဓိပ္ပါယ် နဲ့ (၂၁)ရာစုမှာ ချစ်ခြင်းမေတ္တာကို ဘယ်လိုထိတွေ့နိုင်တယ် ဆိုတာ ဒီပရောဂျက်ကနေ ကျွန်တော့်အတွက် အနက်အဓိပ္ပါယ်အသစ်ဖွင့်ပေးနိုင်ပါတယ်။