ဒါကသူမရဲ့ ပြင်ပအသွင်သဏ္ဍာန်လား။ သူမပြောဆိုပုံ၊ ပြုမူပုံ ဒါမှမဟုတ် လှုပ်ရှားပုံလား။ ဒါမှမဟုတ် သူမရဲ့ဆံနွယ်တွေ လေမှာဝေ့နေတဲ့ဟန်က သူမရဲ့ ဣထိယဆန်မှုကိုပံ့ပိုးပေးနေတာလား။ ဆံပင် ဆိုတာ ကျွန်မတို့နေရာတိုင်းမှာတွေ့ နိုင်တဲ့အရာ။ ကျွန်မတို့ ဖတ်နေတဲ့စာအုပ်တွေ၊ ထိတွေ့နေတဲ့ မီဒီယာတွေကနေတဆင့် ကျွန်မတို့ရဲ့အသိစိတ်ထဲမှာ တည်ရှိနေတဲ့အရာ။ အဲဒီဆံပင်က ကြိုတင်သတိပေးခြင်း မရှိဘဲ သင့်ဆီကနေ ပျောက်သွားခဲ့ရင်ရော? (၂၀၁၆) ခုနှစ်မှာ Chan See Ting ဆိုတဲ့ လှပတဲ့ မိန်းကလေးတစ်ယောက်နဲ့ ကျွန်မဆုံခဲ့ပါတယ်။ ဆံပင်တွေဆုံးရှုံးသွားတဲ့ ရှားပါးရောဂါ Alopecia သူမမှာရှိပါတယ်လို့ သတ္တိရှိရှိကြေညာပြီး မကြာခင်ပါ။ သူမရဲ့ရောဂါကို “Alopecia Areata” လို့ အသိများကြပါတယ်။ ဒီရောဂါက သူမရဲ့ အလှပဆုံး အမှတ်အသားတွေထဲကတစ်ခုဖြစ်တဲ့ ဆံပင်အများစုကို ဆုံးရှုံးစေခဲ့ပါတယ်။ ဒါက သေစေနိုင်တဲ့ရောဂါ မဟုတ်ပေမဲ့ လူတစ်ဦးကို စိတ်ပိုင်းဆိုင်ရာသက်ရောက်မှု များစွာရှိစေပါတယ်။ အထူးသဖြင့် လူတစ်ဦးရဲ့ ကိုယ်ပိုင်ဝိသေသလက္ခဏာနဲ့ ဆံနွယ်တွေရဲ့လှပမှုဟာ နီးနီးကပ်ကပ် ယှဥ်တွဲနေတဲ့အခါမှာ ဖြစ်ပါတယ်။
“အားလုံးကို ဆုံးရှုံးခြင်းမဟုတ်” ပရောဂျက်နဲ့ တက်ကြွသော၊ ငယ်ရွယ်သော၊ ဖျတ်လတ်သော See Ting ကို ပတ်ဝန်းကျင်ရဲ့ သတ်မှတ်ချက်တွေကို ဆန့်ကျင်ပြီး၊ သူမရဲ့အိပ်မက်တွေ၊ မျှော်လင့်ချက်တွေ၊ အိပ်မက်ဆိုးတွေနဲ့အတူ ပုံဖော်ပေးထားပါတယ်။ ကြုံနေရတဲ့အတွေ့အကြုံတွေအရ သူမရဲ့ လောကကိုကြည့်မြင်တဲ့ပုံကတော့ ပြောင်းလဲနေပါတယ်။