လူအများစုမေးလေ့ရှိသောမေးခွန်းများထဲမှတစ်ခုမှာ "မင်းအရွယ်ရောက်လာတဲ့အခါဘာဖြစ်ချင်သလဲ။” ဖြစ်ပြီး မည်သူကမှ “မင်းအခုဘာဖြစ်ချင်သလဲ။” ဟု လူငယ်များကိုမမေးခဲ့ပေ။
ထိုင်းကျောင်းသူကျောင်းသားများသည် သူငယ်တန်းမှတက္ကသိုလ်ရောက်သည်အထိ (၂၂) နှစ်တာကာလပတ်လုံး ကျောင်းဝတ်စုံများကို ဝတ်ဆင်ရသည်။ နဖူးထိပ်မှသည် ခြေဖျားအထိ ဆံပင်ညှပ်ခြင်း၊ အဝတ်အစား၊ ခြေအိတ်နှင့် ဖိနပ်အထိ လိုက်နာရမည့် စည်းကမ်းများရှိသည်။ ထိုင်းကျောင်းဝတ်စုံသည်စည်းလုံးမှု၊ သြဇာလွှမ်းမိုးမှု၊ ကြီးစဥ်ငယ်လိုက်ရိုသေမှုနှင့် ကာကွယ်မှုတို့ကို ရည်ညွှန်းပါသည်။
ကျောင်းသူကျောင်းသားများသည် ၎င်းတို့၏ဇီဝဗေဒဆိုင်ရာ ကျား၊မ လိင်ခွဲပုဒ်အရ ယောက်ျား၊ မိန်းမပုံစံနှင့်အညီဝတ်စားဆင်ယင်ရသည်။ အစိုးရကျောင်းအများစုကမူဤကိစ္စနှင့် ပတ်သက်၍ အလွန်စည်းကမ်းတင်းကျပ်ဆဲဖြစ်သည်။ ကျောင်းသားများသည်စစ်တပ်ပုံစံဆံပင်တိုတိုညှပ်ရပြီးကျောင်းသူများသည် ဂုတ်ဝဲဆံပင်တို သို့မဟုတ် ဆံပင်များကိုအမြဲတမ်းချည်နှောင်ထားရပါသည်။
၇၄၆၅ တွင် ဖိနှိပ်ခံထားရသောလူငယ်များ၏ လျှို့ဝှက်ထားရသော ကိုယ်ပိုင်လက္ခဏာ (Identity) ကို ထုတ်ဖော်ပြသထားပါသည်။ ယူနီဖောင်းထဲမှနေ၍ ၎င်းတို့မှာ မည်သူမည်ဝါဖြစ်ပါသည်ဆိုသောအချက်ကို ရနိုင်သရွေ့ရအောင်ပြသထားကြ၏။ ၇၄၆၅ သည် ယူနီဖောင်းပေါ်တွင်တပ်ထားသော နံပါတ်တခုမျှသာမဟုတ်ဘဲ ၎င်းတို့၏ ကိုယ်ပိုင်လက္ခဏာ (Identity) ကို ဖော်ပြနိုင်ရန်အတွက် တိုက်ပွဲဝင်နေခြင်းဖြစ်သည်။ လူငယ်ဖြစ်ခြင်း၊ လွတ်လပ်ခြင်း နှင့် မိမိ၏ပကတိဖြစ်တည်မှုအတိုင်း နေထိုင်နိုင်ခြင်းသည် ၎င်းတို့လိုချင်သောအရာဖြစ်သည်။