“အဖတ်“ အပိုင်းတွင် အသင်သည် ဘာသာရပ်ဆိုင်ရာစာများ၊ မှတ်ချက်များ၊ သတင်းဆောင်းပါးများနှင့် ကြော်ငြာများကို ဖတ်ရှုပြီး၊ မတူကွဲပြားသည့် မေးခွန်းများကို ဖြေဆိုရပါမည်။ စာများသည် အကြောင်းအရာနှင့် ဘာသာစကားအရ မွှေနှောက်ရေးသားထားသည့် ခက်ခဲရှုပ်ထွေးသော စာများဖြစ်သော်လည်း အသင့်အနေနှင့် အခက်အခဲမရှိ နားလည်နိုင်ပြီး၊ သွယ်၀ိုက်ဖော်ပြထားသည့် အဓိပ္ပါယ်များကို ဖော်ထုတ်နိုင်ကြောင်း ပြသနိုင်ရပါမည်။
ကြာချိန်။ ။ မိနစ် (၈၀)
“အရေး“ အပိုင်းတွင်မူ အသင်သည် ပေးထားသော ဟောပြောချက်အတိုလေးတစ်ခုကို အခြားစကားလုံးများဖြင့် ပြန်လည် ပြုပြင် ရေးသားရမည် ဖြစ်ပါသည်။ ထို့နောက် ယေဘုယျအကြောင်းအရာ တစ်ခုအကြောင်း သို့မဟုတ် စာပေနှင့်ပတ်သက်သည့် အကြောင်းအရာတစ်ခုအကြောင်းနှင့် ပတ်သက်သည့် စာတစ်ပုဒ်ကို စာဖတ်သူမှ ရေးသည့်စာ သို့မဟုတ် စာအုပ်၀ေဖန်စာ ပုံစံမျိုးဖြင့် ကောင်းမွန်စနစ်ကျစွာ ပုံဖော်ရေးသားရမည် ဖြစ်ပါသည်။ မေးခွန်းတွင် အထွေထွေအကြောင်းအရာခေါင်းစဥ်ဖြင့် မေးခွန်းနှစ်ခုနှင့် စာပေစာရင်းတွင် ဖော်ပြထားသည့် စာအုပ်နှစ်အုပ်နှင့် ပတ်သက်သည့် မေးခွန်းနှစ်ခုပေးထားမည်ဖြစ်ပြီး ထိုမေးခွန်းစုစုပေါင်း လေးခုထဲမှ အသင်နှစ်သက်ရာတစ်ခုကို ရွေးချယ်ဖြေဆိုရမည်ဖြစ်ပါသည်။
ကြာချိန်။ ။ မိနစ် (၈၀)
“အကြား“ အပိုင်းတွင် အသင်သည် မီဒီယာများမှ သတင်းများနှင့် အစီရင်ခံချက်များ၊ သာမန်စကားပြောနေကျ အမြန်နှုန်းဖြင့် ပြောဆိုထားသည့် ကျွမ်းကျင်သူ အင်တာဗျူးများကို နားထောင်ပြီး မေးခွန်းအမျိုးမျိုးကို ဖြေဆိုရပါမယ်။
ကြာချိန်။ ။ (၃၅)မိနစ်ခန့်
“နှုတ်ဖြေ“ အပိုင်းတွင်မူ သင့်အနေနှင့် ရှုပ်ထွေးနက်နဲသည့် အကြောင်းအရာတစ်ခုအကြောင်း (ဥပမာ။ ။ ကမ္ဘာမှုပြုခြင်းအကြောင်း) ဟောပြောပြရပါမယ်။ ဤနေရာတွင် သင်၏ အကြောင်းပြချက်များနှင့်ပတ်သက်၍ စာဖတ်သူများမှ မေးခွန်းများ ပြန်လည်မေးမြန်းသည့်အခါ ခွဲခြမ်းစိတ်ဖြာ၍ ဖြေဆိုနိုင်ရပါမည်။ ထို့နောက် အခြား ခေါင်းစဥ်တစ်ခုရရှိမည်ဖြစ်ပြီး ၎င်းနှင့်ပတ်သက်သည့် ကောင်းကျိုးဆိုးပြစ်များနှင့် အသင်၏ ထင်မြင်ချက်တို့ကို တင်ပြဆွေးနွေးရပါမည်။ သင်၏ စကားပြောဖော်မှ တင်ပြလာသည့် အပြန်အလှန်စောဒကတက်မှုများနှင့် ကွဲပြားသည့်အမြင်များကိုလည်း သင့်အနေနှင့် ပြန်လည်ချေပနိုင်ရမည်ဖြစ်ပြီး အသင့်ထင်မြင်ချက်ကို လက်ခံလာသည်အထိ စည်းရုံးပြောဆိုနိုင်ရပါမည်။
ကြာချိန်။ ။ (၁၅)မိနစ်ခန့်