အသင်သည်
- အသက် (၁၂)နှစ်နှင့် (၁၆)နှစ်အကြား ဆယ်ကျော်သက်အရွယ်လူငယ်များအတွက် ဂျာမန်ဘာသာစကားစာမေးပွဲကို ဖြေဆိုလိုပါသလား
- အခြေခံအဆင့် ဂျာမန်ဘာသာစကားစွမ်းရည်များရှိကြောင်း သက်သေပြလိုပါသလား
- A2 အဆင့် ဘာသာစကားစွမ်းရည်များရှိကြောင်း သက်သေပြလိုပါလား
- နိုင်ငံတကာမှ အသိအမှတ်ပြုသော တရား၀င် စာမေးပွဲအောင်လက်မှတ်တစ်ခု ရရှိလိုပါသလား
Goethe-Zertifikat A2: Fit in Deutsch သည် အသက် (၁၂)နှစ်နှင့် (၁၆)နှစ်အကြား ဆယ်ကျော်သက်အရွယ် လူငယ်များအတွက် ဂျာမန်ဘာသာစကားစာမေးပွဲတစ်ခု ဖြစ်ပါသည်။ ၎င်းသည် ဥရောပဘာသာစကားများ စံချိန်စံညွှန်းသတ်မှတ်ချက် အဆင့်ခြောက်ဆင့်တွင် ဒုတိယအဆင့်ဖြစ်သည့် A2 နှင့် ညီမျှပြီး အသင့်ထံတွင် လွယ်ကူရိုးရှင်းသည့် အခြေခံ ဂျာမန်ဘာသာစကား စွမ်းရည်များရှိကြောင်းကို အတည်ပြုပေးပါသည်။
စာမေးပွဲအောင်သည်ဆိုပါက အသင်သည် အောက်ပါအချက်များကို လုပ်ဆောင်နိုင်ကြောင်း ပြသခြင်းဖြစ်ပါသည်။
- ရိုးရှင်းသော၀ါကျများ၊ နေ့စဥ်ကြုံတွေ့နေကျ အခြေအနေများတွင် မကြာခဏအသုံးပြုလေ့ရှိသော အသုံးအနှုံးများကို နားလည်နိုင်ခြင်း၊ အသုံးချနိုင်ခြင်း။
- ပုံမှန်ကြုံတွေ့နေကျ အခြေအနေများတွင် မိမိ အကျွမ်းတ၀င်သိရှိပြီးသား အကြောင်းအရာများအကြောင်း အပြန်အလှန်ပြောဆိုကြသည့်အခါ နားလည်နိုင်ခြင်း။
- ရိုးရှင်းလွယ်ကူသော အသုံးအနှုန်းများဖြင့် မိမိ၏ နောက်ခံရာဇဝင်အကြောင်း၊ ပညာရေးအကြောင်းစသည်တို့ကို ဖော်ပြနိုင်ခြင်း၊ မိမိ၏ ပတ်၀န်းကျင်အကြောင်းနှင့် လိုအပ်လျှင်လိုအပ်သလို အခြား မိမိနှင့်တိုက်ရိုက်ဆက်စပ်နေသည့် အကြောင်းအရာများကို ပုံဖော်ပြောဆိုနိုင်ခြင်း။
စာမေးပွဲအတွက် ပြင်ဆင်ခြင်း
လေ့ကျင့်ခန်းများ
အွန်လိုင်းမှတစ်ဆင့် လေ့ကျင့်နိုင်သည့် အစမ်းစာမေးပွဲများနှင့် လေ့ကျင့်ခန်းများကို ဤနေရာမှာတွင် တွေ့ရှိနိုင်ပါသည်။
အခြားသတင်းအချက်အလက်များ
Goethe-Zertifikat A2: Fit in Deutsch အတွက် လိုအပ်ချက်များ၊ စာမေးပွဲအကြောင်းအရာများနှင့် အခြားသတင်းအချက်အလက်များကို ဤနေရာတွင် တွေ့ရှိနိုင်ပါသည်။