သတင်းစာထဲမှ ဆောင်းပါးအတိုလေးများ၊ အီးမေးလ်များ၊ ကြော်ငြာစာများနှင့် အများပြည်သူဆိုင်ရာ လမ်းညွှန်ဆိုင်းဘုတ်များကို ဖတ်ရှုပြီး ပေးထားသည့် မေးခွန်းများကို ဖြေဆိုရမည် ဖြစ်ပါသည်။
ကြာချိန်။ ။ မိနစ် (၃၀)ခန့်
အသင့်လက်တွေ့ဘဝနှင့် တိုက်ရိုက်ဆက်စပ်မှုရှိသည့် မက်ဆေ့ခ်ျစာသားများ ရေးသားရမည်ဖြစ်ပါသည်။
ကြာချိန်။ ။ မိနစ် (၃၀)ခန့်
နေ့စဥ်ကြားနေကျ စကားပြောများ၊ ကြေညာချက်များ၊ ရေဒီယိုအင်တာဗျူးများ၊ တယ်လီဖုန်းမှ အသံမက်ဆေ့ခ်ျများနှင့် အများပြည်သူဆိုင်ရာ အသိပေးကြေညာချက်များကို နားထောင်ပြီး၊ မေးခွန်းများကို ဖြေဆိုရမည်ဖြစ်ပါသည်။
ကြာချိန်။ ။ မိနစ် (၃၀)ခန့်
မိမိအကြောင်း၊ သူတစ်ပါးအကြောင်း မေးခွန်းများမေးခြင်း၊ ဖြေဆိုခြင်း၊ မိမိဘ၀အကြောင်း ပြောပြခြင်း၊ မိမိနှင့်အတူတူ စကားပြောစာမေးပွဲ ဖြေဆိုရန် အလှည့်ကျသည့် စာမေးပွဲပါတနာနှင့်အတူ၊ တစ်ခုခု အတူတကွ လုပ်ဆောင်ရန်ချိန်းဆိုခြင်း၊ အစီအစဥ်ချခြင်းပုံစံတို့ဖြင့် ပြောဆိုရမည်ဖြစ်ပါသည်။
ကြာချိန်။ ။ (၁၅)မိနစ်