Learning Advisory Program
“LEARNING ADVISORY” Program

Lernberatung
©Goethe-Institut Myanmar

Empowering Your Learning Journey:

စာကြည့်တိုက်

"Learning Advisory" Programလို့ ခေါ်တဲ့ "Lernberatung" အစီအစဉ်မှာ သင့်ရဲ့ ဂျာမန်စာလေ့လာမှုနဲ့ ပတ်သက်ပြီး ရင်ဆိုင်နေရတဲ့ အခက်အခဲတွေ၊ ပြဿနာတွေကို Goethe-Institut Myanmar မှ ဆရာ/ဆရာမကနေ ဆွေးနွေးအကြံပြုပေးသွားမှာ ဖြစ်ပါတယ်။ ဒီလရဲ့ ''Lernberatung'' အစီအစဉ်ကတော့ A2-level အတွက်ဖြစ်ပြီး ဂျာမန်ဘာသာစကား လေ့လာနေသူများအတွက် ဖတ်ရှုသင့်တဲ့ စာအုပ်တွေ၊ online resources တွေ၊ ကိုယ့် level နဲ့ ကိုက်ညီမယ့် အကြံပြုချက်တွေကို ဆွေးနွေးအကြံပြုပေးသွားမှာပဲ ဖြစ်ပါတယ်။

စာကြည့်တိုက်သို့လူကိုယ်တိုင်မလာရောက်နိုင်သူတွေအတွက်လည်းပါ၀င်မေးမြန်းလို့ရအောင် virtual online session ကိုလည်း ထည့်သွင်းစီစဉ်ပေးထားပါတယ်။

ဒီအစီအစဉ်လေးမှာ (လူကိုယ်တိုင်ဖြစ်ဖြစ်၊ အွန်လိုင်းကနေဖြစ်ဖြစ်) ပါ၀င်ချင်တယ်ဆိုရင်တော့ biblio-yangon@goethe.de သို့ အမည်၊ ဖုန်းနံပါတ်၊ မိမိရဲ့ ဂျာမန် level၊ မိမိမေးလိုသည့် အကြောင်းအရာ နှင့်        မိမိတက်ရောက်လိုသည့်ရက် တို့ကိုအီးမေးလ်ပေးပို့ပြီး အခုပဲ စာရင်းပေးလိုက်တော့နော်။

အသေးစိတ်

စာကြည့်တိုက်

ကမ္ဘာအေးဘုရားလမ်းနှင့် နတ်မောက်လမ်းထောင့်၊ ဗဟန်းမြို့နယ်၊
ရန်ကုန်၊,
Myanmar

စျေးနှုန်း : ဝင်ကြေးအခမဲ့

01 9376160 (ext. 301/302) biblio-yangon@goethe.de