(၂၀၁၆) ခုနှစ် အောက်တိုဘာလမှာ မိသားစုအယ်လ်ဘမ်အတုလို့ အမည်ပေးထားတဲ့ ပရောဂျက်ကို ကျွန်မစတင်လုပ်ကိုင်ခဲ့ပါတယ်။ ရင်းနှီးယုံကြည်မှုကိုဟန်ဆောင်ပြဖို့ ဘယ်လောက်လွယ်ပါသလဲဆိုတာ ကျွန်မလေးလေးနက်နက်တွေးခဲ့မိလို့ပါ။ ဒီခေါင်းစဥ်နဲ့ပတ်သက်ပြီး မှတ်တမ်းရုပ်ရှင်တွေ၊ ကြော်ငြာတွေကို ရိုက်ကူးပြီးပေမဲ့၊ ဓာတ်ပုံရိုက်ဖို့အတွက်လိုသေးတယ်ဆိုတာကို ဖိအားတစ်ခုလို အမြဲတွေးမိပါတယ်။
ပြီးတော့ ကင်မရာနောက်ကွယ်မှာနေရတဲ့သူတစ်ဦးအနေနဲ့ တစ်စုံတစ်ခုမရှိတော့တဲ့အခါ ကျွန်မသိလေ့ရှိပါတယ်။ ဇာတ်လမ်းနဲ့ကိုက်ညီတဲ့ အနေအထားရဖို့အတွက် သတ်မှတ်ထားတဲ့ပုံစံတစ်ခုနဲ့ ကြည့်ဖို့၊ ပြုံးဖို့၊ မပြုလုပ်တော့တာ ကြာပြီဖြစ်တဲ့ အရာတွေကိုလုပ်ဖို့၊ သူတို့ဘယ်တော့မှ လုပ်မှာမဟုတ်တဲ့အရာတွေကို ပြုလုပ်ဖို့ လူတွေကို ကျွန်မ တောင်းဆိုရလေ့ရှိပါတယ်။
အဲဒီတော့ဟန်ဆောင်ဖို့၊ အခြားဘဝတစ်ခုနဲ့နေထိုင်ကြည့်ဖို့ ဓာတ်ပုံများထဲမှာနေထိုင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ အဲဒီလိုသဘောတူညီပြီးနောက်မှာ ကျွန်မတို့ ဘယ်လောက်အနေအထားထိဖန်တီးနိုင်မလဲ? ဇာတ်ကောင်တွေကိုရှာဖွေတဲ့နေရာမှာ အတွေ့အကြုံဖြတ်သန်းမှုရှိတဲ့သူတွေကို ကျွန်မ ဦးစားပေးပြီးရှာခဲ့ပါတယ်။ ကျွန်မအတွေ့အကြုံကတော့ သူတို့ရဲ့အချိန်တွေကို နဲနဲပေးပါလို့ တောင်းတာကို ရက်ရက်ရောရောပေးခဲ့တဲ့သူတွေနဲ့ တွေ့ခဲ့ခြင်းဖြစ်ပါတယ်။ သတိထားလိုက်မိတာက ဟန်ဆောင်ပြပါလို့တောင်းဆိုရင်း၊ တချိန်ထဲမှာ အမှန်တကယ်ရှိတဲ့အရာ၊ စစ်မှန်တဲ့အရာတစ်ခုခုကို ကျွန်မမေးနေမိတာပါပဲ။
အဲဒီလိုနဲ့ ကျွန်မအိမ်တလုံးရှာတွေ့ပါတယ်။ ကျွန်မအစ်ကိုက ပရောဂျက်မှာပါ၀င်လာပြီး မေးခွန်းတွေကိုလည်းပြောင်းပစ်ဖို့ စတင်ပါတယ်။ ကျွန်မဘယ်သူလဲ? ဘာကြောင့်ဒီမှာရောက်နေတာလဲ? ဓာတ်ပုံဆရာလား၊ ဟုတ်တယ်၊ ဒါပေမယ့် ကျွန်မကမိသားစုလား? သူငယ်ချင်းလား? ကျွန်မတို့ရဲ့ အပြန်အလှန်တာဝန်ဝတ္တရားတွေက ဘာတွေလဲ? အချိန်ဘယ်လောက်ကြာတဲ့အထိ အမှတ်တရတွေကို ပြန်ခေါ်နိုင်သလဲ၊ အသစ်ဖန်တီးလို့ရသလဲ၊ အစားထိုးလို့ရပါသလဲ?