ဂျာမန်ဘာသာစကားသင်တန်းများ (အွန်လိုင်းတိုက်ရိုက် + အွန်လိုင်း၌ကိုယ်တိုင်လေ့လာခြင်း)
အပတ်စဉ်အုပ်စုလိုက်သင်တန်းများကို တစ်ကိုယ်ရေသင်ယူမှုဖြင့်ဖြည့်စွက်ပြီး ဂျာမန်ဘာသာစကားကိုအတူတကွသင်ယူပါ။
သင်တန်းရွေးချယ်ရန်စာသင်ခန်းတွင်ကိုယ်တိုင်သင်ယူရသောသင်တန်းကဲ့သို့ပင်လေးလေးနက်နက်ရှိသော
အွန်လိုင်းတွင်ကိုယ်တိုင်သင်ယူရသည်ကိုနှစ်သက်ပြီး စာသင်ခန်းတွင်သင်ယူရသည့်အကျိုးကျေးဇူးများကိုမစွန့်လွှတ်လိုပါသလား။ ဤသို့ဆိုလျှင် ကျွန်ုပ်တို့၏ German Courses Online Live + Online Self-Study သင်တန်းများကသင့်အတွက်အမှန်ကန်ဆုံးရွေးချယ်မှုဖြစ်ပါသည်။ ကျွန်ုပ်တို့၏ သင်တန်းများသည် Zoom Live session ၅၀% ၊ ကိုယ်တိုင်လေ့လာခြင်း ၅၀% ဖြစ်ပြီး ဆရာ/ဆရာမများ၏ထောက်ပံ့ကူညီမှုဖြင့်အွန်လိုင်းသင်ယူမှုပုံစံဖြစ်သည်။
-
အဆင့်
C1 -
စတင်မည့်အချိန်
ဇန်နဝါရီ၊ ဖေဖော်ဝါရီ၊ ဧပြီ၊ ဇူလိုင်လ၊ အောက်တိုဘာ -
ကြာချိန်
ရက်သတ္တပတ်(၁၀)ပတ် -
ရက်သတ္တပတ်အတွက်သင်တန်းချိန်များ
၃ နာရီ -
သင်တန်းသူ/သား
အများဆုံး(၁၂)ယောက် -
သင်ကြားမှုပလက်ဖောင်းသို့ဝင်ရန်
သင်တန်းကာလ+(၁၂)ပတ် -
ဈေးနှုန်း
AUD 649
မည်သည့်အတွက် Online Live + Online Self-Study Courses ကိုရွေးချယ်သင့်ပါသနည်း။
ပေါင်းစပ်သင်တန်း
ကျွန်ုပ်တို့၏ Online Live + Online Self-Study သင်တန်းများက Goethe-Institut မြန်မာရှိစာသင်ခန်းတွင်အုပ်စုလိုက်သင်ကြားရသော အမြန်သင်တန်းနှင့် အွန်လိုင်းသင်ခန်းစာများတွင် မိမိအဆင်ပြေသည့်အချိန်တွင်ကိုယ်တိုင်လုပ်ဆောင်နိုင်သော နှစ်ဖက်လုံးမှအကောင်းဆုံးများကိုပေါင်းစပ်ထားပါသည်။ ကိုယ်တိုင်သင်ယူမှုအဆင့်များတွင် သင်၏စာဖတ်စွမ်းရည်၊ အရေးစွမ်းရည်နှင့်အကြားစွမ်းရည်များနှင့်အတူ အခြားသောသင်တန်းများနှင့်အတူအပြန်အလှန်ဆွေးနွေးပြီး ရင်းနှီးကျွမ်းဝင်စေပါသည်။ အွန်လိုင်း Live သင်တန်းချိန်အတွင်း သင်ကိုယ်တိုင်သင်ယူခဲ့သည်များကိုပြန်လည်အသုံးချပြီး သင်၏ပြောဆိုဆက်ဆံရေးစွမ်းရည်နှင့် အသံထွက်များကိုလေ့ကျင့်နိုင်ပါသည်။
အဆင်ပြေစေရန်ညှိနှိုင်းနိုင်သောအချိန်
ကျွန်ုပ်တို့၏ သင်တန်းများသည် သင်လိုအပ်သလိုပြောင်းလွယ်ပြင်လွယ်ညှိနှိုင်းနိုင်ပါသည်။ တစ်ပတ်လျှင်နှစ်ကြိမ် အွန်လိုင်း Live သင်တန်းတွင်သင်ယူရပါသည်။ အွန်လိုင်းသင်ခန်းစာများနှင့်လေ့ကျင့်ခန်းများအတွက်တစ်ပတ်လျှင် (၄) နာရီခန့်ပေါင်းထည့်ရပါသည်။
သင်နှစ်သက်သောနေရာတွင်သင်ယူပါ။
အိမ်တွင်ဖြစ်စေ၊ အလုပ်တွင်ဖြစ်စေ၊ သို့မဟုတ် တက္ကသိုလ်တွင်ဖြစ်စေ ကျွန်ုပ်တို့၏ သင်တန်းအတွက် အင်တာနက်အသုံးပြုနိုင်သော ကွန်ပြူတာ သို့မဟုတ် ခရီးဆောင်ကွန်ပြူတာတစ်ခုသာ သင်လိုအပ်ပါသည်။ များစွာသောသင်ခန်းစာများကို သင်၏စမတ်ဖုန်းဖြင့်ပင် လုပ်ဆောင်နိုင်ပါသည်။
လေးလေးနက်နက်ဂရုစိုက်ပေးခြင်း
သင်၏မေးခွန်းများအတွက် သင်၏ဆရာ/ဆရာမကို အီးမေးလ်၊ Chat ၊ ပြောဆိုဆွေးနွေးခြင်းများမှလည်းကောင်း သို့မဟုတ် Goethe-Institut ရှိစာသင်ချိန်များတွင် လူကိုယ်တိုင်မေးမြန်းနိုင်ပါသည်။ သင်၏အွန်လိုင်းလေ့ကျင့်ခန်းများသေချာစွာလုပ်ဆောင်နိုင်စေရန် ဆန်းစစ်သုံးသပ်ချက်များကိုပုံမှန်လက်ခံရရှိမည်ဖြစ်ပြီး ဤသို့ဖြင့် ပိုမိုကောင်းမွန်အောင်လုပ်ဆောင်သွားနိုင်မည်ဖြစ်သည်။
အမေးများသောမေးခွန်းများ
သင်မည်သည်ကိုရှာနေကြောင်းမသေချာသေးဘူးလား။
သင့်အတွက်သင့်လျော်မှန်ကန်သောသင်တန်းများကျွန်ုပ်တို့ထံတွင်ရှိပါသည်။